Showing posts with label မှတ်တမ်း ဓာတ်ပုံ. Show all posts
Showing posts with label မှတ်တမ်း ဓာတ်ပုံ. Show all posts

Saturday, March 27, 2010

တော်လှန်ရေးနေ့ ညစာစားပွဲကျင်းပမယ့် သံအမတ်ကြီး

 အမေရိကန်ပြည်ထောင်စုက မြန်မာသံရုံးမှာလွှင့်ထားတဲ့ မြန်မာနိုင်ငံတော်အလံ


သံအမတ်ကြီး စိတ်ဆိုးနေတာ



သံရုံးရှေ့မှာ လာပြီးဆန္ဒပြတဲ့သူတွေကိုပေါ့...

နောက်က ခန်းဆီးကလေးအသာဟပြီး အပြင်ကို ဓာတ်ပုံချောင်းရိုက်နေတာပါ...



 သူတို့ အိမ်ပေါ်ကနေ လိုက်အော် အားပေးနေတဲ့ ချာတိတ်တွေ...









ဆန္ဒပြနေသူ တချို့ပါ...







တချို့က ခပ်သုတ်သုတ်...တချို့ ခပ်ကုပ်ကုပ်..တချို့ကတော့ ရယ်ကျဲကျဲ စပ်ဖြဲဖြဲတွေနဲ့ Shame of You ...ဆိုတဲ့စကားကို လက်ခံလို့...တချို့ကတော့ အကြောပြောင်ပြောင် ခပ်တင်းတင်း...
အဲဒီထဲမှာ လာပြီး အကွက်ဖော်တဲ့ အူကြောင်ကြောင်း ပျာရှပ်ရှပ်တယောက်ကိုတော့ အေးလွန်းလို့ခဲနေတဲ့လက်တွေက မြန်မြန်အလုပ်မလုပ်နိုင်လို့ မှတ်တမ်းမတင်နိုင်ခဲ့ပါဘူး။

အဲဒီလူက ဆိုးလာ့ဇ် နံမည်ကို တစုံတရာကြွေးကြော်သံပုံမျိုးနဲ့ တွဲအော်ဖို့ အတင်းဝင်ရောပီး အော်ခိုင်းပါတယ်။ မအော်တဲ့အဆုံး သူသွားတာက သံရုံးလှေကားထစ်တွေဆီ...အဲဒီပေါ်ရောက်အောင် ပြေးတက်ပြီးမှ နောက်ပြန်လှည့်ပြီး သူကပဲ Shame of You လို့ ပြန်အော်သွားသေးတယ်...ဒီလို ကြောင်တောင်တောင် အဖြူကောင်ကို မြန်မာသံရုံးက တော်လှန်ရေးနေ့ ညစာစားပွဲ ဖိတ်သတဲ့...

အော်...မေ့တော့မလို့... killer killer ...ဆိုတဲ့အသံတွေဖြတ်ပြီး ထမင်းတက်မစားဝံ့တဲ့သူတချို့က တော့ နောက်ဖေးပေါက်က ခိုးဝင်သွားကြပါတယ်။ ရှေ့ပေါက်က ခပ်ပြောင်ပြောင်တက်တဲ့ထဲက အမျိုးသမီးတချို့လည်း လှေကားထစ်ကို ခလုတ်တိုက်ပြီး မှောက်လဲမလို ဖြစ်ဖြစ်သွားတာတွေ တွေ့ရတယ်။ 
Template by : kendhin x-template.blogspot.com