Tuesday, July 6, 2010

သတင်းစာတွေထဲက သမိုင်းမှတ်တမ်း အတိုအထွာ

ရွှေဝါရောင် တော်လှန်ရေးပြီးသွားတဲ့နောက် ၂၀၀၈ ခုနှစ်အတွင်း တိမ်စစ်တမ်း...လို့ ခေါ်တဲ့ မှတ်တမ်း ဒီဗီဒီ အခွေလေးတခု ထုတ်ခဲ့ဖူးပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုရိုက်ချက်တွေအားလုံး ကျမတို့ မိုးကြိုးရုံးမှာ အဆင်သင့်၊ နောက် စက်မှုပစ္စည်းနဲ့ လူအလုံအလောက်မရှိသည့်တိုင်အောင် လုပ်ချင်တာကို လုပ်ခွင့်ရဖို့တော့ လုံလုံလောက်လောက်အနေအထားမှာရှိတဲ့အတွက်....နေက်တခါ လိုချင်တယ်လို့ ပြောတဲ့သီချင်းကို ချက်ခြင်းပို့ပေးတဲ့ စင်ကာပူက မိတ်ဆွေ ကိုဘိုဘိုဝင်းနဲ့ ပိုက်ဆံလိုတယ်ဆိုတာနဲ့ ချက်ခြင်း ထုတ်ပေးခဲ့တဲ့ အင်္ဂလန်ရောက် ကိုဇော်ဇော်အောင်တို့ရဲ့ ပံ့ပိုးအားပေးမှုတွေကလည်း အလုပ်ဖြစ်သွားဖို့ ခွန်အားတွေရခဲ့ပါတယ်။

အခွင့်မသာတဲ့အတွက် တေးရေးနဲ့ အဆိုရှင်တို့ထံမှာ တရားဝင်အသုံးပြုခွင့် မတောင်းခံဘဲ သုံးမိတဲ့အတွက်တော့ အနူးအညွတ် တောင်းပန်လိုပါတယ်ရှင်။

No comments:

Template by : kendhin x-template.blogspot.com