ဒီနေ့ ကြာပန်းပွဲတော်ကို ရောက်ခဲ့ပါတယ်။ အမေရိကန်မှာ အာရှက ကြာတွေ ကန်နဲ့အပြည့် ရှိတဲ့ နေရာလေးတခုမှာ အာရှယဉ်ကျေးမှု ဖလှယ်တဲ့ပွဲလေး ဒီနေ့ကျင်းပပါတယ်။ အဲဒီမှာ ကမကထပြုပြီး ဆောင်ရွက်ပေးနေတဲ့သူက ကိုဇော်ပါ။ ကိုရီးယားက အကုန်အကျခံတယ်လို့ သိရပါတယ်။ ဒါပေမယ့် အာရှနိုင်ငံတွေကို ဖိတ်ပြီး ယဉ်ကျေးမှုဖလှယ်တာဖြစ်တဲ့အတွက် ကမ္ဗောဒီးယားအကတို့ နောက် ကျမ မကြည့်ဖြစ်လိုက်တဲ့ တခြား အာရှနိုင်ငံတွေက အကတချို့လည်း ပါဝင်ပါလိမ့်မယ်။ မြန်မာအကမှာတော့ ဦးရွှေရိုးနဲ့ ဒေါ်မိုး၊ သင်္ကြန်က၊ နောက် ခွပ်ဒေါင်းအငြိမ့်တွေနဲ့ ဆင်နွဲခဲ့ကြပါတယ်။
ဦးရွှေရိုးအဖြစ် ကိုယဉ်ထွေးနဲ့ ဒေါ်မိုးအဖြစ် မမြရင်ချောတို့ အတိုင်အဖောက်ညီညီ ကပြသွားကြတာ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ လူတိုင်း နှစ်သက်ကြပုံပါ။
မြန်မာအကကို မြတ်နိုးတွယ်တာသူများအတွက် မျှဝေမှုပါ။ ပျော်ရွှင်ကြပါစေ။
2 comments:
ပျော်စရာကြီး။ မကြည့်ရတာ ကြာလှပေါ့။ ကျေးဇူး တင်ပါတယ်။
မအယ်
လာကြည့်သွားတယ်အစ်မရေ.. မရောက်ဖြစ်တာတောင် ကြာသွားတယ်.. အွန်လိုင်းပေါ်ကို မရောက်ဖြစ်တာ..။ စာလည်း မရေးဖြစ်ဘူး.. စာတော့ တစ်ခါတလေ တက်ဖတ်ဖြစ်ပေမယ့် ကောမန့်ပေးရမှာပျင်းတာနဲ့.. ဘယ်မှာမှ မမန့်ဖြစ်ဘူး.. အစ်မနဲ့တောင် မတွေ့တာ ကြာပြီ နေကောင်းတယ်မဟုတ်လား.. ပျော်ရွှင်ပါစေ..။
Post a Comment