Friday, February 12, 2010

တုံးကျော် ဘလော့


ဘလော့ရှိနေတုံးက စာတွေတော်တော်ရေးဖြစ်ပါတယ်။ ကောင်းတာရော …မကောင်းတာရော.. အုတ်အရောရော ကျောက်အရောရော…
ဘလော့ပျက်သွားတဲ့အခါကျတော့ စာရေး နှေးသွား နည်းသွားတာအမှန်ပါပဲ။ စာပေါ့ပေါ့တွေ မရေးဖြစ်တာပေါ့…လို့ ရသေ့စိတ်ဖြေ နေလိုက်တာပါပဲ။
အခုတော့… ကိုယ့်ထမင်းကိုယ်စားပီး ဂျီးဒေါ်နွားကို အလကား လာကျောင်းပေးတဲ့ ကလေးတယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ သူက တညလုံးမအိပ်ဘဲနဲ့ ကျမအတွက် ဘလော့ပြန်လုပ်ပေးဖို့ ကြိုးစားနေတယ်ဆိုတာ သိလိုက်တော့ ဇာဂနာပြောသလိုပါပဲ။ အားလည်းနာ...ခင်လည်းခင် တယ်ဆိုတော့….
အင်း….စာရေးမှ ဖြစ်တော့မယ်လို့…ကိုယ့်စိတ်ကိုယ် ကီးသွင်းထားရပါတော့တယ်။ သူက စာရေးစေချင်လို့ လုပ်ပေးနေသလားမှလဲ မသိတာကိုး...
စာရေးဖြစ်အောင် တွန်းအားတခုဖြစ်စေတဲ့ ဘလော့လေးကို အသစ်ပြန်ဆောက်ပေးနေတဲ့ ဘလော့မိတ်ဆွေလေးကို ကျေးဇူးတင်ကြောင်းနဲ့ စပီး ဘလော့ဖွင့်ရမှာပါ။

2 comments:

Unknown said...

အောက်က စမ်းထားတဲ့ပို့စ်ကြီးက ဖျက်ပစ်ပါဆိုနေမှ အစ်မကလည်း....ချန်ထားနေသေးတယ်။ အရုပ်ဆိုးလို့..

Moe Cho Thinn said...

ရေးပါ အမရေ ရေးပါ။ အခုမှ လာဖတ်ဖူးပေမဲ့ စိတ်ချင်းနီးတဲ့လူလို့ သိနေပါတယ်။ အသက်အရွယ် မသိလို့ အမ လို့ပဲ ရင်းရင်းနှီးနှီး ခေါ်လိုက်ပါတယ်။

Template by : kendhin x-template.blogspot.com