Friday, February 12, 2010

မင်းနဲ့ပြည်သူ

ဖြူမကြီး...လို့ ကျမတို့ ချစ်စနိုးခေါ်ပါတယ်။ တကယ်တော့ သူက ကျမတို့ မီဒီယာအဖွဲ့ထဲကို ကျမတို့ထက်စောပီး ရောက်ခဲ့တဲ့ ဘိုဆန်ဆန်ပြောရရင် female ထဲမှာ Senior ဆိုပါတော့....

အခုတော့ မရှိရှာတော့ဘူး...လို့ သိရပါတယ်။

အလွန်သန္ဓေကောင်းတဲ့ ခွေးမကြီးပါ။
သူ့ဗိုက်က ဘယ်လောက်ဟောက်ပက် ဟောင်းလောင်းဖြစ်နေပါစေ... လူတွေက ဘယ်လောက်ပဲ ပစ္စလက္ခတ်နဲ့ အသားငါးတွေကို ကိုင်တော့မလိုလုပ်ပီး စဥ့်တုံးပေါ်မှာ တင်ထားပစ်ခဲ့ပါစေ...ဘယ်တော့မှ ယူမစားဘဲ..သွားရည်တောက်တောက်အကျခံပြီး ထိုင်ငေးနေတတ်တဲ့ အလွန်သနားစရာ ချစ်စရာကောင်းတဲ့ ဖြူမကြီးပါ။

ကျမတို့ရဲ့ ဦးလေးက ဆို သူ့ကို ချစ်မှချစ်...။
ညနေများ နည်းနည်း အရှိန်ရလာရင် ဖြူမနားမှာထိုင်ပီး စကားတွေပြောနေလိုက်တာ ချော...လို့။
“ဖြူမ...သမီး...” ဆိုတဲ့အသံက ချိုလွန်းလို့။
ကျမတို့ထဲက အငယ်ဆုံး မိန်းကလေးတယောက်က နားထောင်ရင်း ၀မ်းတောင်နည်းလာသတဲ့။
သူက ပြောသေးတယ်။ “ဦးက ကျနော်တို့များဆို ဆူလိုက်...ငေါက်လိုက်..အော်ထုတ်လိုက်နဲ့၊
ဖြူမတ၀က်လောက် ဦးက အလိုလိုက်ပီး ချိုချိုသာသာပြောရင် လူဖြစ်ရကျိုးနပ်ပါပြီ...” တဲ့။

အော်..တခုရှိသေးတယ်။ လူတွေမှာသာ ငပိရည်နဲ့ မျှစ်တို့နဲ့...လမ်းဘေးက ကန်စွန်းရွက်ပြုတ်တို့ချင်တို့မယ်။ ဖြူမကိုတော့ ဟင်း (ငါးဘတ်) ဖိုးတော့ ၀ယ်ကျွေးတတ်သေးတာကိုး။ သူ့အိပ်ထဲမှာ ပိုက်ဆံရှိတဲ့အခါပေါ့လေ....

အဲဒီလို အကြီးအကဲရဲ့ ဂရုစိုက် အလိုလိုက်ခံရတဲ့ ဖြူမကြီးအကြောင်းကို ကျမထက်အရင် စာဖွဲ့ခဲ့တဲ့သူတွေကလည်း (၂) ပုတ်တောင်ရှိတယ်။

ကျမကတော့ စာထက် ပန်းချီချယ်ချင်ခဲ့တယ်။ သူ့အစာခွက်မှာသာ ဟောင်းလောင်းဖြစ်ပီး သူ့ကိုယ်ခန္ဓာတခုလုံး ၀ဲစွတ်နေပေမယ့် သူ့ကလေးတွေကတော့ ၀တုတ်ပီး ချစ်ဖို့ကောင်းအောင် လုံးပြောင်နေတာမြင်တော့

အော်...မိဘ...ဆိုတာ ဒါပါလား ရယ်ကတဆင့်.....

2 comments:

Unknown said...

ကျွန်တော့်မှာလည်း အဲ့လိုခွေးလေးတစ်ကောင်ရှိခဲ့ဖူးတယ်။ သူကိုယ်တိုင်က ပိန်လိမ်နေပေမယ့် ကလေးတွေကို နို့တိုက်မပျက်ခဲ့ဘူးလေ.. နောက် ဘယ်သူ့လက်ချက်ကြောင့်မှန်းမသိဘူး သူ့နို့မှာ ဓါးဒဏ်ရာကြီး ရလာရော..သူ့ခမျာ ဒဏ်ရာကြီးနဲ့ နို့တိုက်မပျက်ခဲ့တာ...နောက်တော့ အဲ့ဒီဒဏ်ရာနဲ့ပဲ သေသွားရော..ကလေးတွေဒဏ်နဲ့ဆိုတော့ ကုမရတော့ဘူးလေ..

Moe Cho Thinn said...

အမက ပန်းချီလဲ ရတာပါပဲလား။
ခွေးနဲ့ သူတို့နဲ့တော့ မနှိုင်းနဲ့ အမရေ..ခွေးဖက်က နာလို့ပါ။

Template by : kendhin x-template.blogspot.com